အလုပ်သမား မှတ်ပုံတင်မည့်အစီအစဉ် စတင်သော်လည်း လူအများ ရှုပ်ထွေးနေဆဲ

Thursday July 14, 2011

ကွာလာလမ်ပူ။ ။နိုင်ငံခြားသားအလုပ်သမားများကို မှတ်ပုံတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အစီအစဉ်မှာ ရှုပ်ထွေးမှုတွေ အတန်ငယ်ရှိနေသော်လည်း တရားဝင် အလုပ်သမားများကို အရင်စတင် လုပ်ဆောင်ပေးနေပြီဖြစ်သည်။

လုပ်ငန်းရှင်တွေကြားမှာ ရှုပ်ထွေးနားမလည်မှုတွေ ရှိနေတာကြောင့် တနိုင်ငံလုံးမှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံး အချို့နေရာများသို့ အနည်းငယ်သော နိုင်ငံခြားသား အလုပ်သမားများကို ၄င်းတို့၏ လက်ဗွေနှိပ်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မှတ်တမ်းတင်ဖို့ ပို့ဆောင်ကြကြောင်း သိရသည်။

တနိုင်ငံလုံးမှာ ၁.၈ သန်းမျှရှိတဲ့ နိုင်ငံခြားသား အလုပ်သမားများကို မှတ်ပုံတင်မည့်အစီအစဉ်မှာ ဇူလိုင် ၃၁ ရက်နေ့အထိ ဖြစ်ပြီး၊ ထောင်သောင်းချီတဲ့ တရားမ၀င်အလုပ်သမားများကို လက်ခံမှတ်ပုံတင်မည့်အစီအစဉ်ကိုတော့ သြဂုတ်လ ၁ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ယခုအစီအစဉ်နဲ့ ပတ်သက်ပြီး အစိုးရဘက်မှ ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ပေးခြင်း မရှိဟုဆိုကာ လုပ်ငန်းရှင် အချို့က မကျေမနပ် ငြီးတွားနေကြသည်။ အချို့ကလည်း သန်းနဲပချီများပြားလှတဲ့ အလုပ်သမားဦးရေကို ကန့်သတ်ထားတဲ့ အချိန်တိုအတွင်းမှာ အပြီးမှတ်ပုံတင်ဖို့ မဖြစ်နိုင်ဟုလည်း ဝေဖန်နေကြသည်။

အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကတော့ အလုပ်သမား အများဆုံး မှတ်ပုံတင်နိုင်ဖို့ ၄င်း၏ရုံးများကို တစ်ပတ်လုံးဖွင့်ပေး သွားမည်ဖြစ်ပြီး အချို့နေရာဒေသများတွင် ရွှေ့ပြောင်းအစီအစဉ်များ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

Source;- The Star July 14

No comments:

Post a Comment