ခိုလှုံခွင့်လျှောက်ထားသူများအရေး မလေးရှား - သြစတြေးလျ သဘောတူညီမှု လက်မှတ်ရေးထိုး


July 25, 2011

ကွာလာလမ်ပူ။ ။မလေးရှား - သြစတြေးလျှတို့၏ ဒုက္ခသည် လဲလှယ်ရေးအစီအစဉ်ကို ယနေ့ အတည်ပြု လက်မှတ်ရေးထိုးကြပြီ ဖြစ်သည်။

သဘောတူညီချက်အရ သြစတြေးလျနိုင်ငံသို့ လှေဖြင့်ရောက်ရှိလာသည့် ခိုလှုံခွင့်လျှောက်ထားသူ ၈၀၀ ကို မလေးရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး၊ အပြန်အလှန်အားဖြင့် မလေးရှားမှ ဒုက္ခသည် ၄၀၀၀ ကို သြစတြေးလျှနိုင်ငံမှ လက်ခံသွားမည်ဖြစ်သည်။

ဤသဘောတူညီချက် စာချုပ်ကို မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Hishammuddin Hussein နှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Chris Bowen တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သဘောတူညီချက် စာချုပ်ကို လက်တွေ့အပြီး လုပ်ဆောင်ဖို့ အချိန် လေးနှစ်ကြာမြင့်မည်ဖြစ်ပြီး သြစတြေးလျနိုင်ငံမှ ရံပုံငွေ ကူညီပံ့ပိုးသွားမည်ဖြစ်သည်။

သဘောတူညီမှုအတွက် ကြေငြာချက်ကို သြစတြေးလျ ၀န်ကြီးချုပ် Julia Gillard မှ လွန်ခဲ့သည့် မေလ ၇ ရက်နေ့တွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဒုက္ခသည် အလဲအလှယ် စတင်မည့်ရက်ကို တိတိကျကျ မသတ်မှတ်ရသေးသော်လည်း ပထမအသုတ်ကို ယခုနှစ် မကုန်ခင် စတင်မည့်ဟု မျော်လင့်ရသည်။

သဘောတူညီချက်အတွက် သြစတြေးလျနိုင်ငံမှ လာမည့် ၄ နှစ်အတွင်း သြစတြေးလျဒေါ်လာ ၂၉၂ သန်း ကျခံသွားမည်ဖြစ်ကြောင်း Chris Bowen မှ ပြောကြားခဲ့သည်။

Source; The Star Online

No comments:

Post a Comment