ဆဋ္ဌမအကြိမ်မြောက် ICT သင်တန်းဆင်းပွဲ KRC ကျောင်းသူကျောင်းသား ၁၉ ယောက် အောင်လက်မှတ်ရရှိ။

Naura Shadang
2nd-August-2011

KRC ကျောင်းသူကျောင်းသားများ

ဆဋ္ဌမအကြိမ်မြောက် Information and Communication Technology (ICT) သင်တန်းဆင်းပွဲကို ဇွန်လိုင်လ ၂၉ ရက်နေ့၊ Chinese Assembly Hall တွင်ပြုလုပ်ရာ KRC မှ ကျောင်းသူကျောင်းသားပေါင်း (၁၉) ယောက် အခြေခံအဆင့် ကွန်ပြူတာအောင်လက်မှတ်များကို အသီးသီးရယူနိုင်ခဲ့ပြီဖြစ်သည်။

အောင်လက်မှတ်များကို Pass, Credit, Distinction စသည်ဖြင့် အဆင့်ဆင့်သတ်မှတ်ထားရာ ဂုဏ်ထူးရရှိသူ ၆ ယောက်၊ Credit အဆင့်ရရှိသူ ၄ ယောက်နှင့် ရိုးရိုးအောင်သူ ၉ ယောက်ဖြစ်သည်။ ကျောင်းသူကျောင်းသား အများဆုံး မွေးထုတ်နိုင်သည့် စင်တာအဆင့်သတ်မှတ်ချက်တွင်မူ KRC မှ တတိယ ရရှိခဲ့သည်။

ယခုသင်တန်းဆင်းပွဲတွင် ဒုက္ခသည် ကွန်ပြူတာ စင်တာ ၁၈ ခုမှ ကျောင်းသူကျောင်းသားပေါင်း ၂၁၄ ယောက် အောင်လက်မှတ် ရယူနိုင်ခဲ့ကြသည်။ ICT သင်တန်းစတင်သည့်အချိန်မှစပြီး ယခုချိန်ထိ အောင်လက်မှတ် ရယူနိုင်ခဲ့သည့် ကျောင်းသူကျောင်းသားပေါင်းမှာ ၁၂၀၀ ကျော်ရှိပြီဖြစ်သည်။

ICT သင်တန်းမှ သင်ကြားပို့ချပေးနေသော ကွန်ပြူတာ သင်ခန်းစာများတွင် Basic IT skills (Word, Excel, Power Point) မှ HTML, Blogspot, Wordpress, CMS နှင့် Graphic Design ထိပါဝင်ပါသည်။

ဒုက္ခသည်များကို ကွန်ပြူတာပညာ သင်ကြားပေးသည့် ယခုအစီအစဉ်ကို UNHCR ၏ Social Protection Fund (SPF) Project နှင့် PJ ရှိ Hartford Academy တို့ လက်တွဲပြီး လွန်ခဲ့သည့် ၂၀၁၀ နှစ်လယ်ပိုင်းမှ စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ သင်တန်းအဆင့်အဆင့်အတွက် သင်ရိုးညွှန်းတမ်းနှင့် စာမေးပွဲကိုလည်း Hartford Academy မှ တာဝန်ယူပြီး သင်တန်းဆင်းပွဲကို ၃ လ ၁ ကြိမ် ကျင်းပခြင်းဖြစ်သည်။

ကချင်ဒုက္ခသည် အဖွဲ့အစည်းတွင်းမှ ကလေးများသာမက လူကြီးများလည်း လေ့လာသင်ယူလိုပါက KRC ရုံးသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။


No comments:

Post a Comment