UNHCR-Malaysia ရုံးမှ စုံစမ်းမေးမြန်းခြင်းကို ရပ်ဆိုင်းလိုက်ပြီ

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များအနေဖြင့် မိမိတို့၏ Process နှင့်ပတ်သက်ပြီး UNHCR-Malaysia ရုံးသို့ သွားရောက် စုံစမ်းမေးမြန်းခြင်းကို RSC (Resettlement Support Center) ဌာနမှ လုံခြုံရေး အခြေအနေအရ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

(စုံစမ်းမေးမြန်းခြင်းဟု ဆိုရာ၌ RST Interview ပြီး၍ RSC (OPE) အတွက်မေးမြန်းလိုသူများ၊ RSC ပြီး၍ လ.၀.က စုံစမ်းလိုသူများ စသည်ဖြင့် Interview အဆင့်အားလုံးကို ဆိုလိုပါသည်။)

သို့သော်လည်း စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ (တနင်္လာ) နေ့မှစ၍ အီးမေးလ်ဖြင့် ဆက်လက် စုံစမ်းမေမြန်းနိုင်မည်ဖြစ်ပြီး၊ ဆက်သွယ်ရမည့် အီးမေးလ်လိပ်စာမှာ KLInquiry@rescue.org ဖြစ်သည်။

ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းကို အောက်တိုဘာလ (၇) ရက် ၂၀၁၁ (သောင်္ကြာ) နေ့မှစ၍သာ ခွင့်ပြုမည် ဖြစ်ကြောင်း UNHCR – Malaysia ၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်မှာ 03 2141 5846 ဖြစ်သည်။